ငါးသိုင်းချောင်းမြို့၌ ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ် ၁၇ လုံး အချိန်မီပြောင်းရွှေ့ခဲ့ရ
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ငဝန်ရပ်ကွက် ငဝန်မြစ်ကမ်းပါးဘေး ပိုက်သောင်ကူးတို့ဆိပ်အနီး၌ မေ ၂၇ ရက် နံနက်ပိုင်းက ငဝန်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းဘေးရှိ ကမ်းပြိုအန္တရာယ် ကျရောက်နိုင်သည့် နေအိမ် ၁၇ လုံးအား အချိန်မီ ဖြိုဖျက်ပြောင်းရွှေ့ ပေးခဲ့ရကြောင်း သိရသည်။