ဘယ်လ်ဂျီယံမှာ ဗိုင်းရပ်စ်တားဆီးရေးအတွက်ပိတ်ထားတဲ့ ဆိုင်တွေ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြန်ဖွင့်ခွင့်ရရှိ
ဘယ်လ်ဂျီယံနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပျံ့ပွားမှု တားဆီးရေး အတွက် ပိတ်ထားတဲ့ ဆိုင်တွေအား ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ပြန်လည်ဖွင့်ခွင့်ပေးမှာဖြစ်ပေမယ့် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု လျော့ကျသွားတဲ့အထိ semi-lockdown ကိုဆက်လက် ပြဋ္ဌာန်းသွားမယ်လို့ ဝန်ကြီးချုပ် အလက်ဇန္ဒါး ဒီ ကိုး က သောကြာနေ့မှာ ကြေညာသွားပါတယ်။