သီရိလင်္ကာနိုင်ငံ  အကျဉ်းသား ၆၀၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပွားနေစဉ်အတွင်း  သီရိလင်္ကာနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများပြည့်ကျပ်မှုကို လျော့ပါးစေရန် စွဲချက်ကြီးကြီးမားမားမရှိသော အကျဉ်းသား ၆၀၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း နိုင်ငံသတင်းမီဒီယာက ယနေ့တွင် ဖော်ပြခဲ့သည်။
ဆန်ဖရန်စစ္စကိုမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုများနေတဲ့အတွက် ညမထွက်ရ အမိန့်ထုတ်ပြန်
ဆန်ဖရန်စစ္စကိုမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုများနေတဲ့အတွက် ညမထွက်ရ အမိန့်ကို ဒီနေ့ (တနင်္လာနေ့) က စပြီး ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ထုတ်ပြန်ထားကြောင်း မြို့တော်ဝန်က စနေနေ့က ပြောကြားပါတယ်။
နယူးယောက်ရှိကျောင်းတွေ ပိုးကူးစက်မှု များနေပေမယ့် ပြန်ဖွင့်မယ်
နယူးယောက်မြို့ရှိ အစိုးရ ကျောင်းတွေကို ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြန်လည်ဖွင့်မယ်လို့ မြို့တော်ဝန်က တနင်္ဂနွေနေ့က ကြေညာပါတယ်။
နိုင်ဂျီးရီးယားစစ်တပ်စီးနင်းတိုက်ခိုက်မှုတွင် ဘိုကိုဟာရမ်စစ်သွေးကြွ ငါးဦး သေဆုံး
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်တွင် အကြမ်းဖက်သမားအုပ်စု ပုန်းအောင်းရာနေရာကို စစ်သားများက စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ဘိုကိုဟာရမ်စစ်သွေးကြွ ငါးဦး သေဆုံးခဲ့ပြီး အခြားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ယမန်နေ့က ပြောကြားခဲ့သည်။
သီရိလင်္ကာ ထောင်တွင်းဆူပူမှုကြောင့် ခြောက်ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရ
သီရိလင်္ကာနိုင်ငံရှိ အကျဉ်းထောင်တစ်ခု၌ လုံခြုံရေးအစောင့်များက အကျဉ်းသားများနှင့် တိုက်ခိုက်မှုဖြစ် စေသည့် ထောင်တွင်းဆူပူမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၂ သန်းကျော် ရှိလာ