အင်ဒိုနီးရှား၌ မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာသို့ စွန့်ခွာ
နိုဝင်ဘာ ၂၉ ရက်က အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာတင်ဂါရာပြည်နယ်၊ လင်ဘာတာခရိုင်၌ မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူ ၄၆၂၈ ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သွားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယနေ့ပြောကြားသည်။
ဩစတြေးလျားနိုင်ငံက နိုင်ငံတကာမှ ကျောင်းသူကျောင်းသားတွေအား ပြန်လည် လက်ခံ
ဩစတြေးလျားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ချိန် မတ်လက စပြီး နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေ ပိတ်ထားခဲ့ရာ ဒီနေ့ (တနင်္လာနေ့) အရုဏ်တက်ချိန်ကစပြီး နိုင်ငံတကာမှ ကျောင်းသူကျောင်းသားတွေ တင်ဆောင်လာတဲ့ လေယာဉ်တစ်စီး စိုက်ရောက်လာတာကို တွေ့ရပါတယ်။
သီရိလင်္ကာတွင် ယခုနှစ်အတွင်း ကျားသစ် ၁၂ ကောင် သေဆုံး
သီရိလင်္ကာအလယ်ပိုင်း တောင်တန်းများရှိ မာတေးတွင် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေက ကျားသစ်တစ်ကောင် သေဆုံးသည်ကိုတွေ့ရှိခဲ့သည်။
ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးတွင် မျက်နှာဖုံးဝတ်ဆင်ရန် ဆော်ဩနေတဲ့ စက်တွေပါရှိလာ
ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးစက်အောင် ထိန်းချုပ်တိုက်ဖျက်ရေးတွင် မျက်နှာဖုံးဝတ်ဆင်ရေးဟာ  အရေးကြီးတဲ့ အခြေခံအချက် တစ်ချက်ဖြစ်ပါတယ်။ အဲဒီအခြေခံကို လိုက်နာစေရန် ဂျပန်နိုင်ငံမှာ  စက်ရုပ်က ဈေးဝယ်သူတွေအား မျက်နှာဖုံးဝတ်ဆင်ရေးကို ဆော်ဩတာကို တွေ့ရပါတယ်။
အာဖရိကတိုက် ဆဟာရဒေသခွဲ၌ ကိုဗစ်ကာလအတွင်း ငှက်ဖျားဖြင့် သေဆုံးသူက ဗိုင်းရပ်စ်ဖြင့် သေဆုံးသူထက် ပိုများ
အာဖရိကတိုက် ဆဟာရဒေသခွဲ နိုင်ငံအချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးမှုများက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများထက် ကျော်လွန်သွားမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယနေ့ သတိပေးလိုက်သည်။