အိန္ဒိယတွင် ရပ်ထားသောကားပေါ်သို့ ထရပ်ကား တိမ်းမှောက်မှုဖြစ်ပွား လူရှစ်ဦး သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း  ဉတာပရာဒေ့ပြည်နယ်တွင် ယနေ့မနက်က  မော်တော်ယာဉ်တစ်စင်းပေါ်သို့ သဲအပြည့်တင်ဆောင်ထားသော ထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူရှစ်ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေးဂေဟာနေထိုင်သူတွေဟာ ဗိုင်းရပ်စ်ရောဂါပိုးကာကွယ်ဆေး ဦးစားပေးခံရသူများဖြစ်ကြောင်း အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအဖွဲ့ အကြံပေးကော်မတီ ပြောကြား
အမေရိကန်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေးဂေဟာ နေထိုင်သူတွေဟာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးအား ဦးစားပေးပြီး ထိုးပေးသွားမယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအဖွဲ့ရဲ့ အကြံပေးကော်မတီက  အင်္ဂါနေ့က ပြောကြားပါတယ်။
ဗီယက်နမ်အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် ရေကြီးမှုဖြစ်ပွား လူ ငါးဦး သေဆုံး
ဗီယက်နမ်နိုင်ငံအလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုဖြစ်ပွားသဖြင့် ပြီးခဲ့သည့်ရက်အနည်းငယ်က လူငါးဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း .......................
ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာမည့် ဖေဖော်ဝါရီလတွင် ကိုဗစ်ကာကွယ်ဆေး ရရှိပြီး ပြည်သူများကို အခမဲ့ ထိုးပေးမည်
ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လာမည့် ဖေဖော်ဝါရီလအတွင်း ရရှိမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက မျှော်လင့်ပြီး ပြည်သူများကို အခမဲ့ ထိုးပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
ကနေဒါတိရိစ္ဆာန်ရုံမှ ပန်ဒါဝက်ဝံများ တရုတ်သို့ ပြန်ပို့
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတို့ကြောင့် ဝက်ဝံများကို အစာကျွေးရန် ဝါးအလုံအလောက်မရရှိနိုင်သဖြင့် ကနေဒါတိရစ္ဆာန်ရုံမှ ပန်ဒါဝက်ဝံ အကောင်ကြီး နှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။
ဂျပန်မော်တော်ယာဉ်ရောင်းအား ဒုတိယအကြိမ်မြင့်တက်
ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် မော်တော်ကား ရောင်းအားများသိသိသာသာ ကျဆင်းခဲ့ပြီးနောက် မော်တော်ကား ရောင်းအားများ ဒုတိယအကြိမ်ဖြည်းဖြည်းချင်းထပ်မံမြင့်တက်လာသည်။