အီရတ်မြောက်ပိုင်း စစ်ဆင်ရေးတစ်ခုတွင် အိုင်အက်စ်စစ်သွေးကြွ ခြောက်ဦး သေဆုံး
အီရတ်နိုင်ငံမြောက်ပိုင်း နီနိဗေးပြည်နယ်၏ တောင်ဘက်ရှိ အစွန်းရောက်အစ္စလာမ္မစ်အဖွဲ့ (အိုင်အက်စ်)စစ်သွေးကြွများကို အီရတ်အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ (စီတီအက်စ်)၏ ကွန်မန်ဒိုတပ်ဖွဲ့က စစ်ဆင်ရေးတစ်ခုလုပ်ဆောင်ခဲ့ရာ အိုင်အက်စ်စစ်သွေးကြွ ခြောက်ဦးသေဆုံးခဲ့ကြောင်း စီတီအက်စ်က ယမန်နေ့က ပြောကြားသည်။