အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၇၀ဝ၀ဝ ကျော်အထိ မြင့်တက်

အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၇၀ဝ၀ဝ ကျော် အထိ မြင့်တက်လာကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရှိ သိပ္ပံနှင့်အင်ဂျင်နီယာဌာန (CSSE) ၏ ပြောကြားချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၂၀ဝ၀ ကျော်၊ သေဆုံးသူ ၃၂ ဦး ထပ်မံတွေ့ရှိ
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၂၀ဝ၀ ကျော် ရှိပြီး သေဆုံးသူ ၃၂ ဦး ထပ်မံတွေ့ရှိခဲ့သည်။
အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၀,၀၀၀ ကျော်သွားကြောင်း သိရ
အိန္ဒိယနိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၉၀၀ ကျော် ရှိခဲ့တဲ့အတွက် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၀,၀၀၀ ကျော်သွားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဗိုင်းရပ်စ်ပိုးကူးစက်မှု ပြန်လည်တွေ့ရှိပြီးနောက် နယူးဇီလန်နိုင်ငံ ရွေးကောက်ပွဲ နောက်ဆုတ်လိုက်ကြောင်း ကြေညာ
နယူးဇီလန်နိုင်ငံမှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြန်လည်တွေ့ရှိတဲ့အတွက် ရွေးကောက်ပွဲကို သီတင်းလေးပတ် နောက်ဆုတ်လိုက်ရာ အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ကျင်းပမယ်လို့ ဒီနေ့(တနင်္လာနေ့) မှာ ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က ကြေညာလိုက်ပါတယ်။