ပီအက်စ်ဂျီကိုနိုင်ပြီး ၁၆ သင်းအဆင့်သို့ အုပ်စုပထမဖြင့် မန်စီးတီးအသင်း တက်လှမ်း
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၅) အဖြစ် အုပ်စု (A) မှ မန်စီးတီးအသင်းနှင့် ပီအက်စ်ဂျီ အသင်းတို့ ပွဲစဉ်ကို နိုဝင်ဘာ ၂၅ ရက်က အီတီဟက်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စုပွဲ စဉ်များ မပြီးဆုံးမီ ရမှတ် ၁၂ မှတ် နှင့်အတူ အုပ်စုပထမဖြင့် ၁၆ သင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။