ပြင်သစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၉၄၄ ဦး ထပ်မံတွေ့ရှိ
ပြင်သစ်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၅၉၄၄ ဦး ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါကူးစက်မှုနှုန်းသည် ဇန်နဝါရီ ၃ ရက်နောက်ပိုင်း နေ့စဉ် ကူးစက်မှုနှုန်းတွင် အနည်းဆုံး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။