မလေးရှား၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်သူ ၄၆၀၀၀ အိုးအိမ်စွန့်ခွာပြီး ခြောက်ဦးသေဆုံး
မလေးရှားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံမှု အကြီးအကျယ်ဖြစ်ပွားကာ ပြည်သူ ၄၆၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း မလေးရှားလူမှုဝန်ထမ်းဦးစီးဌာနက ယနေ့ပြောကြားသည်။