ပဲတီစိမ်း(ရွှေဝါ) အသစ်များ မန္တလေးဈေးကွက်သို့ ပေါ်ဦးပေါ်ဖျား စတင်ဝင်ရောက်လာ
ပဲခူးတိုင်းဒေသကြီးမှ စတင်ထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား ပဲတီစိမ်း(ရွှေဝါ) အသစ်များ နှစ်သစ်ကူး အကြိုအဖြစ် မန္တလေးဈေးကွက်သို့ ယခုရက်ပိုင်းအတွင်း စတင်ဝင်ရောက်လာကြောင်း မန္တလေး ပဲကုန်သည်များမှ ပြောကြားသည်။