ဈေးနှုန်းကျနေသည့် မတ်ပဲ တရုတ်နိုင်ငံမှ ဝယ်ယူမှုကြောင့် အရောင်းအဝယ် ပြန်လည်သွက်လက်
အိန္ဒိယနိုင်ငံမှ အဝယ်ရပ်နားခဲ့သည့်အတွက် ဈေးနှုန်းများ တရိပ်ရိပ်ကျဆင်းနေသည့် မတ်ပဲသီးနှံအား တရုတ်နိုင်ငံမှ ဝယ်ယူလာမှုကြောင့် ဈေးကျဆင်းမှုရပ်တန့်ကာ အရောင်းအဝယ်များ ပြန်လည်သွက်လက်လာနေကြောင်း မန္တလေး ပဲဈေးကွက်မှ သိရသည်။







