ကျောက်ဆည်ခရိုင်ရှိ ဆည်များတွင် ရေဝင်ရောက်မှု နည်းပါးသဖြင့် လျာထားစိုက်ဧကများတွင် မပါဝင်သည့် တောင်သူများက မိမိတို့ဆန္ဒဖြင့် စိုက်ပျိုးသွားမည်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွက် ယခုနှစ်မိုးစပါးစိုက်ပျိုးဧက လျာထားချိန်တွင် စပါး စိုက်ပျိုးရေအတွက် အဓိကထား ရေပေးဝေသည့် မြို့ကြီးဆည်နှင့် ဇီးတောဆည်များတွင် မိုးရေဝင်ရောက်မှု နည်းပါးပြီး ရေပေးဝေနိုင်မှု အတိုင်းအတာအရ စပါးစိုက်ဧက ၁၅၉၂၈၆ ဧကသာ လျာထား စိုက်နိုင်မည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာမှ စုံစမ်းသိရှိရသည်။








