၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ကျင်းပ၊ မန္တလေးတိုင်းဒေသကြီးမှ ၁၂၇၅၆၀ ဦး ဝင်ရောက်ဖြေဆို
၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ် ၁၁ ရက်မှ စတင်ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုသူ ၁၂၇၅၆၀ ဦးရှိပြီး စာစစ်ဌာနပေါင်း ၂၂၀ ဖွင့်လှစ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးစာရင်းများအရ သိရသည်။








