တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်းသား၊သမီးများအား ဂုဏ်ပြုဆုချီးမြှင့်
၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ပညာရေး ဝန်ထမ်းသား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။