မင်းဘူးမြို့နယ်တွင် ရှေးဟောင်းပစ္စည်းများ တူးဖော်သူနှစ်ဦးအား ဖမ်းဆီးရမိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ အလံပါယ်ကျေးရွာ အရှေ့တောင်ဘက် လေးဖာလုံခန့်အကွာ ဦးလှိုင်အေး၏ ကွင်းအမှတ် (၁၂၃၅)ယာမြေပေါ်တွင် ဇွန်လ ၂၄ ရက်နေ့ က ရှေးဟောင်းပစ္စည်းများ တူးဖော်နေသူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။







