မိုးကောင်းမြို့နယ်တွင် မိုးကြိုးထိမှန်၍ အမျိုးသားနှစ်ဦးနှင့် ခိုင်းနွားတစ်ကောင် သေဆုံး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ အုန်းဘောင်ကျေးရွာနှင့် ထုံးရေပေါက်ကျေးရွာတို့တွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်ခဲ့၍ လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသားနှစ်ဦးနှင့် ခိုင်းနွားတစ်ကောင် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း ပင်းဘောနယ်မြေရဲစခန်းမှ သိရသည်။
မြိတ်၊ မောင်တော၊ မိုင်းဆတ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 
မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲက မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ မြတ်လေးလမ်းမပေါ်တွင် သန်းထိုက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,ဝ၀ဝ  ကိုလည်းကောင်း ဆက်လက်၍ ၎င်း၏နေအိမ်ကို ရှာဖွေရာ အိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀,ဝ၀ဝနှင့် မော်တော်ဆိုင်ကယ်တစ်စီး ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးကားလမ်း မြေတိုင်းကန်ကျေးရွာလမ်းခွဲအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး သေဆုံး
ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာလမ်းခွဲအနီးတွင် ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ..........
မိတ္ထီလာမြို့နယ်၌ ဆက်သွယ်ရေးကွန်ရက်အသုံးပြု၍ ငွေကြေးလိမ်လည်သူကို အမှုဖွင့်
မိတ္ထီလာမြို့နယ် ဝန်ဇင်းရပ်ကွက်၌ ဆက်သွယ်ရေးကွန်ရက်အသုံးပြု၍ ငွေကျပ်သိန်း ၃၅၀ ကျော် လိမ်လည်ယူသူအား ဇွန်လ ၂၁ ရက်နေ့က ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း ..........
WY စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်း မြိတ်တွင် ဖမ်းဆီးရမိ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မူးယစ်ဆေးဝါးသတင်းအရ ကျပ်သိန်းပေါင်း(၁၀ဝ၀ဝ)ခန့် တန်ဖိုးရှိ WY စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်းကို လက်ဝယ်ထားရှိ ဖြန့်ဖြူးရောင်းချသူ(၂)ဦးအား ............
ရင်းငြိမ်ကုန်ထုတ်စခန်းတွင် အကျဉ်းသားနှစ်ဦး စကားများရာမှ ကျောက်တုံးဖြင့် ထုရိုက်မှုဖြစ်ပွား
သထုံခရိုင် ပေါင်မြို့နယ် ရင်းငြိမ်ကုန်ထုတ်စခန်းရှိ အကျဉ်းသားနှစ်ဦးစကားများရာ အကျဉ်းသားတစ်ဦးက နှစ်လက်မ၊ သုံးလက်မခန့်ရှိ ကျောက်တုံးအား အင်္ကျီစည်းနှောင်ကာ အခြားအကျဉ်းသားတစ်ဦးကို ...........
ပင်လည်ဘူးမြို့၌ တရားမဝင်သယ်ဆောင်လာသော တမလန်းသစ် ဓားရွေတုံး ၂၆ တုံး ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ပင်လည်ဘူးမြို့ သစ်တောဦးစီးဌာနရုံးရှေ့၌ ဇွန် ၂၁ ရက်နေ့က တရားမဝင် သယ်ဆောင်လာသော တမလန်းသစ် ဓားရွေတုံး ၂၆ တုံး (၃ ဒသမ ၁၄၀၂)တန် ဖမ်းဆီးရမိကြောင်း ............