ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ ကျွန်းကုန်း Toll Plaza အနီး (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ကျွန်း/အခြားတံခါးချပ်များနှင့် ပရိဘောဂ ပစ္စည်းမျိုးစုံ (၂၇၃)မျိုး တန်ချိန် (၂ ဒသမ ၉၈၂၈)တန်ကို တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိပ်ရာထဲဆေးလိပ်သောက်ရာမှ  မီးလောင်ပြီး လူတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  ဝက်လက်မြို့ အမှတ်(၃) ရပ်ကွက် ရွှေအိုးတွင်းရပ်တွင်  ဇွန် ၁၇ ရက်  နံနက် ၆ နာရီ  ခွဲက အိပ်ရာထဲ ဆေးလိပ်သောက်ရာမှ  မီးလောင်မှုဖြစ်ပွားခဲ့၍  လူတစ်ဦးသေဆုံးခဲ့ကြောင်း   သိရသည်။
လားရှိုးမြို့ ဟူးမွန်ကျေးရွာတိုးချဲ့လမ်း၌ မီးလောင်မှုဖြစ်ပွား
လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၁၉)၊ ဟူးမွန်ကျေးရွာတိုးချဲ့လမ်း၌ ယနေ့နံနက် ၇ နာရီ မိနစ် ၄၀ က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဝိုင်းမော်၌ တည်းခိုခန်းတည်းခိုသူ အမျိုးသားတစ်ဦး အခန်းတွင်းသေဆုံးနေမှုဖြစ်ပွား
ကချင်ပြည်နယ် ဝိုင်းမော်မြို့၌ ဇွန် ၁၆ ရက် နံနက်က တည်းခိုခန်းတည်းခိုသူ အမျိုးသားတစ်ဦး အခန်းတွင်းသေဆုံးခဲ့ကြောင်း ဝိုင်းမော်မြို့နယ်ရဲစခန်းမှ သိရသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ဆိုင်ကယ်တိမ်းမှောက်ရာ မောင်းသူ သေဆုံး
သထုံခရိုင် ပေါင်မြို့နယ် အင်းဗြောင်ကျေးရွာ ကွာလီအကွေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ဇွန် ၁၆ ရက် ည ၈ နာရီခန့်က အမျိုးသားတစ်ဦးမောင်းနှင်လာသော ..........
မြဝတီမြို့နှင့် တမူးမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၄ ရက် ည ၈ နာရီ ၄၅ မိနစ်က မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဝါးတောရပ်၊ အမှတ်(၁၃) ဂိတ်အဝင်လမ်း၌ တွေ့ရှိသူ ............