မေ ၈ ရက် ည ၇ နာရီခွဲတွင် ရွှေပြည်သာမြို့နယ်၊ ဘုံရှည်ကုန်းကျေးရွာ၊ ညောင်ပင်သာလမ်းနေ ကို ------ သည် အမှတ်(၁)ရပ်ကွက်ရှိ SMART PALACE HOTEL၊ အခန်းအမှတ်(၃၀၃)၌ အမျိုးသမီး အဖော်ဖြစ်သူက ဘီယာခွက်အတွင်း အိပ်ဆေးခတ်ကာ ၎င်းပိုင်ပစ္စည်း ရွှေဟန်းချိန်း(၁)ခု၊ ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေကြုတ်(၁)ခု၊ နဝရတ်ကိုးသွယ် လက်စွပ်(၁)ကွင်း၊ ဖုန်း(၂)လုံးနှင့် ငွေ(၂၅၀ဝ၀ဝ)ကျပ်၊ စုစုပေါင်း တန်ဖိုးငွေ ၁၀၃၆၄၀ဝ၀ ကျပ်တို့အား ယူဆောင်သွားသဖြင့် ရွှေပြည်သာမြို့မရဲစခန်းသို့ အမှုဖွင့် တိုင်တန်းမှု ဖြစ်ပွားခဲ့သည်။