ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၌ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်း (ခ) အောင်မြင်နယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၃/ဝ နှင့် ၁ အကြား အောင်ချမ်းသာ ကျေးရွာအနီး၌ ယနေ့ မွန်းလွဲ ၁ နာရီက ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့သည်။