မြို့နယ်အချို့တွင်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မံဝိန်းကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၃ ရက် နံနက် ၈ နာရီခွဲက မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာအနီးရှိ လယ်ကွင်းအစပ်တွင်တွေ့ရှိသူ ဆန်းထွန်းနှင့် မခါးရာ တို့အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၅၃ ဒသမ ၉ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေး ၂,ဝ၅၈ ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။