ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ရှာဖွေရာမှ ကလေး ၅၀ ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့ပြောကြား

ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သည့် ဝက်ဘ်ဆိုက်ကို ဝင်ရောက်ရှာဖွေရာမှ ထိုင်း၊ သြစတြေးလျ နဲ့ အမေရိကန်နိုင်ငံများမှ လူ ၉ ဦးကို ဖမ်းဆီးနိုင်ပြီး ကလေး အယောက် ၅၀ ကို ကယ်တင်နိုင်ကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) က ကြာသပတေးနေ့ က ပြောကြားပါတယ်။ 
ကော့မှူး၌ ကျေးရွာမီးလင်းရေး ကော်မတီအား အမှုဖွင့်
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၌ ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား မေ ၂၃ ရက်က အမှုဖွင့် အရေးယူထားကြောင်း .........
မြစ်ကြီးနား၌ အမှိုက်ပုံမီးရှို့ရာမှ ဆိုင်ကယ်ပစ္စည်းဟောင်းဂိုဒေါင် မီးကူးစက်လောင်ကျွမ်း
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်၌ ယနေ့ ညနေ ၄ နာရီ ၂၀ မိနစ်က အမှိုက်ပုံမီးရှို့ရာမှတစ်ဆင့် ဆိုင်ကယ်ပစ္စည်းအဟောင်းများ သိုလှောင်သည့်ဂိုဒေါင်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြစ်အတွင်း ပိုက်ဖော်ပိုက်သိမ်းနေစဉ် မိုးကြိုးထိမှန်သောကြောင့် လူတစ်ဦးသေဆုံး
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု ထွန်းအောင်ချောင်းပိုက်တဲတန်း ရေလုပ်သား အစုအဖွဲ့ဖြင့် ပိုက်ထောင်နေသူ နှစ်ဦး မိုးကြိုးပစ်ခံရကြောင်း သိရသည်။
ဒီးမော့ဆို၊ ဖောင်းပြင်၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၃  မေ 

ဒီးမော့ဆို၊ ဖောင်းပြင်၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၂ ရက် မွန်းလွဲ ၁နာရီက  ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆို-တောင်ငူသွားကားလမ်းတွင် ကာမေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၀ဝ သိမ်းဆည်း ရမိခဲ့သည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မီးရထားစက်ခေါင်းရုံဝန်းအတွင်း မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံး
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မီးရထားစက်ခေါင်းရုံဝန်းအတွင်းရှိနေအိမ် တစ်လုံးတွင် ယနေ့ မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အိမ် ၁၄ လုံးခန့် မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။