မီးကြွင်းမီးကျန်မှတစ်ဆင့် ရော်ဘာစိုက်ခင်းအတွင်းရှိ အဆောက်အဦသုံးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၉/၄ နှင့် ၅ အကြား
ဗန်းမော် ၊ လွယ်ဂျယ်၊ သိန္နီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၀ ရက် ည ၈ နာရီက ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်၊ ပြည်သူ့အားကစားကွင်းလမ်းကြားတွင် မယွန်းသန္တာထွန်း အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၅၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိသည်။
ဝမ်းတွင်းမြို့နယ်၌ စိုက်ပျိုးရေးချေးငွေဘဏ်သို့ ပေးသွင်းရမည့် ငွေကျပ်(၆၃)သိန်း ယူဆောင်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ အမည်မသိအမျိုးသားနှစ်ဦးမှ လူယူမှုဖြစ်ပွား
ဝမ်းတွင်းမြို့နယ်၌ စိုက်ပျိူးရေးချေးငွေဘဏ်သို့ ပေးသွင်းရမည့်ငွေကျပ် (၆၃)သိန်း ယူဆောင်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ အမည်မသိအမျိုးသားနှစ်ဦးမှ မတ် ၉ ရက် နံနက် ၁၁ နာရီက လုယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်၌ အစ်ကိုဖြစ်သူမှ ဓါးဖြင့်ခုတ်သဖြင့် ညီဖြစ်သူသေဆုံး
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့မရဲစခန်းနယ်မြေ၌ မတ် ၁၁ ရက် နံနက် ၈ နာရီခွဲခန့်က အစ်ကိုဖြစ်သူမှ အရက်ကြောင် ကြောင်ကာ ညီဖြစ်သူအား ဓါးဖြင့်ခုတ်ခဲ့သဖြင့် ညီဖြစ်သူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မလိူင်မြို့မရဲစခန်းမှ သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး
နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်တွင် မတ် ၁၀ ရက် မွန်းလွဲ ၃ နာရီခွဲက နေအိမ် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
ချောက်မြို့နယ် ဆင်ကကျေးရွာတွင် မီးလောင်မှုဖြစ်ပွား
ချောက်မြို့နယ်၊ ထိန်ကန်အုပ်စု ဆင်ကကျေးရွာတွင် မတ် ၁၀ ရက် ည ၉ နာရီ မိနစ် ၄ဝ ခန့်က ကျေးရွာနေ ဦးရန်ကြီးအောင်၏ နေအိမ် ဘုရားစင်တွင် ဖယောင်းတိုင်မီးပူဇော်ရာမှ နေအိမ်ထန်းရွက်အကာသို့ မီးစတင်လောင်ကျွမ်းရာ နေအိမ် ၁၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နမ္မတီး၌ ဆိုင်ကယ်ပျောက်ဆုံးမှု စုံစမ်းဖော်ထုတ်ရာမှ ဆိုင်ကယ်ခုနစ်စီး သိမ်းဆည်းရမိ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့၌ မတ် ၁၀ ရက် နံနက် ၁၀ နာရီခွဲက ဆိုင်ကယ်ပျောက်ဆုံးသူတစ်ဦး၏ တိုင်တန်းမှုအား စုံစမ်းဖော်ထုတ်ရာမှ ပျောက်ဆုံးသွားသည့် ဆိုင်ကယ်အပါအဝင် ဆိုင်ကယ်ခုနစ်စီး ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း နမ္မတီးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လွန်းအောင်ထံမှ သိရသည်။