သံဖြူဇရပ်တွင် မော်တော်ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ရာ စီးနင်းသူလေးဦးသေဆုံး

သံဖြူဇရပ်-ကျိုက္ခမီသွားကားလမ်းမိုင်တိုင်အမှတ် ဝ/၆ နှင့် ဝ/၇ အကြား လမ်းမကြီးပေါ်တွင် ယနေ့နံနက်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ စီးနင်းလိုက်ပါလာသူ လေးဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။
မိတ္ထီလာတွင် မော်တော်ယာဉ်တိမ်းမှောက်၍ နှစ်ဦးဒဏ်ရာရ
မိတ္ထီလာမြို့နယ်၊ မုန်တိုင်ကျေးရွာအုပ်စု၊ လဲတောကျေးရွာအနီး မိတ္ထီလာ - ကျောက်ပန်းတောင်း ကားလမ်းပေါ်ရှိ ကုက္ကိုချောင်း ချောင်းကူးတံတားအနီး ချောင်းထဲသို့ ယနေ့နံနက်က မော်တော်ယာဉ်တစ်စီး     တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့တွင် တရားမဝင် သစ်များဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည်
အင်းစိန်၊ မင်္ဂလာဒုံနှင့် မှော်ဘီမြို့နယ်တို့တွင် ဆိုင်ကယ်နှင့် စက်ဘီးခိုးယူသူ (၃)ဦး ဖမ်းဆီးရမိ
အင်းစိန်မြို့နယ်၊ အင်းစိန်လမ်းမ YTU ကျောင်းဂိတ်ပေါက်ရှေ့တွင် ခိုးမှုများကျူးလွန်ထားကြောင်း
ဘူးသီးတောင် မီးလောင်မှု နေအိမ် ၂၅ လုံး ဆုံးရှုံး
ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေ၊ ငရန့်ချောင်းကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီခန့်က ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၂၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဟိုပုံးနှင့် မိုင်းပျဉ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး
ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁/၃ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၅ ဒသမ ၆၆) ဧကခန့်အား ဟိုပုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့်
ပုဗ္ဗသီရိမြို့နယ်အတွင်း စွန့်ပစ်အမှိုက်ပုံမှ ကျည်ဆံနှင့်ကျည်အိမ် (ကျည်ဘောက်) အဟောင်းများတွေ့ရှိ
ယမန်နေ့ ညနေပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာဒီပရပ်ကွက်အနီးရှိ စည်ပင်အမှိုက်ပုံကုန်း (၁) မှ ကျည်ဆံနှင့် ကျည်အိမ် (ကျည်ဘောက်) အဟောင်းများ တွေ့ရှိကြောင်း သိရသည်။