ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ နယ်မြေ (၁၅) စက္ကူစက်လမ်းသွယ်၌ ယနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က လမ်းဘေးကိုင်းတောအတွင်းရှိ သစ်ရွက်ခြောက်များ မီးလောင်မှုဖြစ်ပွားသဖြင့် မြို့နယ်မီးသတ်ဌာနမှ မီးသတ်ယာဉ် တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။