ဒဂုံမြို့သစ်( မြောက်ပိုင်း) တွင် မီးလောင်မှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၄)ရပ်ကွက်၊ ပျဉ်းမမြိုင်လမ်းတွင် မတ် ၄ ရက် ည ၁၀ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ Level -1 ယာဉ်အုပ်စု ထွက်ခွာငြိမ်းသတ်ရာ ည ၁၀ နာရီ ၄၂ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၁၀ နာရီ ၄၆ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။