၂၀၁၈ ခုနှစ်အတွင်း ပေါင်မြို့နယ်တွင် ယာဉ်တိုက်မှု ၁၂၈ မှုဖြစ်ပွားပြီး ဒဏ်ရာရရှိသူ ၂၃၆ ဦးနှင့် သေဆုံးသူ ၅၃ ဦးရှိ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ယာဉ်တိုက်မှုပေါင်း ၁၂၈ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၃၆ ဦးနှင့် သေဆုံးသူပေါင်း ၅၃ ဦးရှိရာ ....
မောင်တောမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၈၈၀၅၀ ပြားသိမ်းဆည်းရမိ
မောင်တောမြို့တွင် မြို့မဈေးအတွင်း ဖွင့်လှစ်ထားသော ဖုန်းနှင့်လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်မှ စုစုပေါင်း ခန့်မှန်းကာလတန်ဖိုး ၇၇၆၁ သိန်းရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
မြဝတီမြို့တွင် အမျိုးသားနှစ်ဦးထံမှ WY စိတ်ကြွဆေးပြား ၆၅၆၀ ပြား သိမ်းဆည်းရမိ
ကရင်ပြည်နယ် မြဝတီမြို့တွင် အမျိုးသားနှစ်ဦးထံမှ ကာလတန်ဖိုး ၁၉၆၇၀၀၀ဝ ကျပ်ခန့် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား စုစုပေါင်း ၆၅၆၀ ပြားနှင့် မော်တော်ယာဉ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
ကသာ - အင်းတော်သွား ကားလမ်း၌ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား သိမ်းဆည်းရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကသာ-အင်းတော်သွား ကားလမ်းရှိ၊ ပင်းမလွတ်ကျေးရွာ မီးရထားသံလမ်းကူးအနီး၌ ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီက ဆိုင်ကယ်စီးနင်းလာသူထံမှ ဘိန်းဖြူဆပ်ပြာခွက် ၁၁ ခွက်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅၁၀ သိမ်းဆည်းရမိကြောင်း သိရသည်။
မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မောင်တောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၄ ရက်  ညနေ ၄ နာရီခွဲက  မောင်တောမြို့နယ်၊ မြို့ဦးကျေးရွာအုပ်စု၊ လသာ(အောက်)ကျေးရွာနေ ....
နောင်ချိုမြို့နယ်တွင် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နောင်ချိုမြို့နယ်တွင် ငွေကျပ် ၁၁၁၀၂ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ
ဇန်နဝါရီ ၅ ရက် နံနက် ၉ ခွဲတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ဟိုနောင်ကျေးရွာလမ်းခွဲ၊ ကျင်စန်းကျော့လမ်းအတိုင်း မောင်းနှင်လာသည့် YGN ----- နံပါတ်ပါ ISUZU အမျိုးအစား အဖြူရောင် (၁၂) ဘီးယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။