ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဒီဇင်ဘာ ၁၄၊ ၁၅ ရက် ဆက်လက်ကျင်းပမည်
၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအုပ်စု စတုတ္ထနေ့ကို ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နောက်တစ်ဆင့် တက်ရောက်မည့်အသင်းများ ထွက်ပေါ်လာနိုင်သည်။ အုပ်စု စတုတ္ထနေ့တွင် မြန်မာအသင်း ပွဲစဉ်မပါဝင်သော်လည်း ဆီမီးဖိုင်နယ်တက်ရောက်ရေး မျှော်လင့်ချက် အဖြေထွက်ပေါ်နိုင်သည့် ပွဲစဉ်များပါဝင်နေသည်။