ဆူဇူကီးပြိုင်ပွဲ ယနေ့ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် တီမော၊ ဖိလစ်ပိုင်နှင့် စင်ကာပူတွေ့ဆုံ

၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ကို ဒီဇင်ဘာ ၈ ရက် (ယနေ့)တွင် စင်ကာပူနိုင်ငံ၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် တီမော၊ ဖိလစ်ပိုင်နှင့် အိမ်ရှင် စင်ကာပူ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အားကစားနည်း ၁၈ နည်း စခန်းသွင်းလေ့ကျင့်
၂၀၂၂ ခုနှစ် မေလလယ်တွင် ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် အားကစားနည်း  ၁၈ နည်းအား နေပြည်တော်၊ ရန်ကုန်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့တွင် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများ စခန်းသွင်းလေ့ကျင့်

အာဆင်နယ်ကို အနိုင်ယူပြီး နောက်ဆုံးရှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့သည့် ဘင်နီတက်ဇ်၏ အဲဗာတန်
ပရီမီယာလိဂ်ပွဲစဉ် (၁၅)၏ နောက်ဆုံးပွဲစဉ်အဖြစ် ဘင်နီ တက်ဇ်၏ အဲဗာတန်အသင်းနှင့် အာတီတာ၏ အာဆင်နယ် အသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက အဲဗာတန်အိမ်ကွင်းဖြစ်သည့် ဂွတ်ဒီဆင် ပတ်ခ်၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ အဲဗာတန်အသင်းက ဂရေး၏ နောက်ကျဂိုးနှင့်အတူ နှစ်ဂိုး- တစ်ဂိုးဖြင့် အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့သည်။
မြန်မာ ယူ-၂၂ အသင်း အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် လာမည့် နှစ်ဆန်းပိုင်းတွင် စတင်ပြင်ဆင်မည်
မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်းသည် လာမည့်နှစ်တွင် ကျင်းပမည့် အာဆီယံယူ-၂၂ ပြိုင်ပွဲ နှင့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လာမည့် နှစ်ဆန်းပိုင်းတွင် စတင်ပြင်ဆင်သွားမည်ဖြစ်သည်။
ဦးဆောင်ဂိုး စတင်ခွင့်ပြုပေးခဲ့ရသော်လည်း လက်စတာစီးတီးကို နှစ်ဂိုး-တစ်ဂိုးဖြင့် အက်စ်တွန်ဗီလာအသင်း အနိုင်ရရှိ
ပရီမီယာလိဂ်ပွဲစဉ်(၁၅)ရဲ့ ဒီဇင်ဘာ ၅ ရက်နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စ်တွန်ဗီလာ အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာ အက်စ်တွန်ဗီလာအသင်းဟာ လက်စတာစီးတီး အသင်းကို ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပေမယ့် နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပေါ့ဂ်ဘာ၏နေရာကို ဂျွန်မက်ဂင်ဖြင့် အစားထိုးရန်စီစဉ်
မန်ယူယာယီနည်းပြ ရန်းနစ်ခ်သည် လာမည့်နွေရာသီအပြောင်းရွှေ့ကာလတွင် အိုးထရက်ဖို့ဒ်မှ ထွက်ခွာ ဖွယ်ရှိသော ပေါ့ဂ်ဘာ၏နေရာကို အက်စ်တွန်ဗီလာအသင်း ကွင်းလယ်ကစားသမား ဂျွန်မက်ဂင်ဖြင့် အစားထိုးရန် စီစဉ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။