ယာယီနည်းပြ ရန်းနစ်ခ်လက်ထက် ပထမဆုံးလိဂ်နှစ်ပွဲဆက် ဂိုးမပေးခဲ့ရသည့် မန်ယူ
ပရီမီယာလိဂ်ပွဲစဉ် (၁၆) မှ နော့ဝှစ်ချ်နှင့် မန်ယူအသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက နော့ဝှစ်ချ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက စီရော်နယ်ဒို၏ ပယ်နယ်တီ သွင်းဂိုးဖြင့် နော့ဝှစ်ချ်အသင်းကို အနိုင်ရရှိခဲ့သည်။ စီရော်နယ်ဒိုသည် ယာယီနည်းပြ ရန်းနစ်ခ်လက်ထက်တွင် ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ဂျိမ်းစ်ဟန်ဆန်၊ ဂျိုးစပန့်စ်တို့ပြီးနောက် တစ်ရာသီအတွင်း မတူညီသည့် မန်ယူနည်းပြသုံးဦး လက်လက်၌ ဂိုးသွင်းယူနိုင်သည့် တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။