ဘယ်အသင်းတွေ ချန်ပီယံလိဂ်နောက်တစ်ဆင့် တက်လာနိုင်ဦးမလဲ
၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်တွေကို အုပ်စုရှစ်အုပ်စုခွဲပြီး ယှဉ်ပြိုင် လျက်ရှိရာ အုပ်စုအဆင့်ပွဲစဉ်(၅)အပြီး တစ်ပွဲကျန်အနေအထားမှာ လက်ရှိချန်ပီယံလိဂ်ချန်ပီယံ  ချယ်လ်ဆီးအသင်းအပါအဝင် ပရီမီယာလိဂ်အသင်း လေးသင်းစလုံး  (၁၆)သင်းအဆင့်(ရှုံးထွက်အဆင့်) တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်သလို အသင်း ၁၁ သင်း ရှုံးထွက်အဆင့် တက်လှမ်းခွင့်ရရှိထားပြီလည်း ဖြစ်ပါတယ်။
(၂၁)ကြိမ်မြောက် ဂရန်းဆလမ်းဆုဖလား ရရှိမယ့်အခွင့်အရေး ဂျိုကိုဗစ် လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ဘူးဟု  ပြိုင်ပွဲစီစဉ်သူ  ပြောကြား
ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ လာမယ့် ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဆုဖလားရရှိခဲ့မယ်ဆိုရင် (၂၁)ကြိမ်မြောက် ဂရန်းဆလမ်းဆုဖလားရရှိမှာဖြစ်တာကြောင့် အဲဒီ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံမှာမဟုတ်ဘူးလို့ ဩစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲစီစဉ်သူ ဂရေ့ တီလေက ပြောကြားခဲ့ပါတယ်။
ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းများ ပြင်ဆင်မှုဖြစ်စေရန် အာဆီယံ ယူ-၂၂ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည်
အာဆီယံဘောလုံးအဖွဲ့ချုပ်သည်လာမည့်နှစ်မေလတွင် ပြန်လည်ကျင်းပမည့် (၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းများ ပြင်ဆင်မှုဖြစ်စေရန် အာဆီယံ ယူ-၂၂ အမျိုးသားဘောလုံး ပြိုင်ပွဲကျင်းပမည်ဖြစ်သည်။
ပီအက်စ်ဂျီကိုနိုင်ပြီး ၁၆ သင်းအဆင့်သို့ အုပ်စုပထမဖြင့် မန်စီးတီးအသင်း တက်လှမ်း
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၅) အဖြစ် အုပ်စု (A) မှ မန်စီးတီးအသင်းနှင့် ပီအက်စ်ဂျီ အသင်းတို့ ပွဲစဉ်ကို နိုဝင်ဘာ ၂၅ ရက်က အီတီဟက်ကွင်း၌  အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စုပွဲ စဉ်များ မပြီးဆုံးမီ ရမှတ် ၁၂ မှတ် နှင့်အတူ အုပ်စုပထမဖြင့်  ၁၆ သင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းများ ပြင်ဆင်မှုဖြစ်စေရန် အာဆီယံ ယူ-၂၂ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည်
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်မေလတွင် ပြန်လည်ကျင်းပမည့် ၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းမျာ
ချန်ပီယံလိဂ်ပွဲစဉ် ကိုးပွဲဆက်တိုက် လီဝန်ဒိုစကီး ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရာနှုန်းပြည့်နိုင်ပွဲရရှိ
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စု အုပ်စု(E)ရဲ့ ငါးပွဲမြောက်အဖြစ် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဒိုင်နမိုကိဗ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ငါးပွဲစလုံးအနိုင်ရရှိခဲ့ကာ ရာနှုန်း ပြည့်နိုင်ပွဲရရှိခဲ့ပါတယ်။