ATP Finals ပြိုင်ပွဲလက်ရှိချန်ပီယံ မက်ဗီဒက်ဗ်ကို အနိုင်ယူပြီး ဖလားဆွတ်ခူးနိုင်ခဲ့သည့် ဇီဗာရက်ဖ်
ဂျာမနီတင်းနစ်ကစားသမား အလက်ဇန္ဒာ ဇီဗာရက်ဗ်သည် အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ATP Finals ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့် (၂) ရှိ ရုရှားနိုင်ငံသား မက်ဗီဒက်ဗ်ကို နှစ်နှစ်အတွင်း ပထမဆုံး အကြိမ် အနိုင်ယူကာ ဒုတိယအကြိမ်မြောက်အဖြစ် ATP Finals ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။