မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် ဒဏ်ရာကြောင့် ပြင်သစ်အသင်း ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်များကို လွဲချော်တော့မည်ဖြစ်သည်။ ပေါ့ဂ်ဘာ၏ အဆိုပါ ဒဏ်ရာသည် တနင်္လာနေ့က လေ့ကျင့်ရေးအစီအစဉ်တွင် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။