ပရီမီယာလိဂ် ရှုံးပွဲကြုံတွေ့ရပြီဖြစ်သည့် လီဗာပူး
ပရီမီယာလိဂ် ပွဲစဉ် (၁၁) ၏ နောက်ဆုံးပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်ကို နိုဝင်ဘာ ၇ ရက် ညပိုင်းက ဝက်စ်ဟမ်းအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဝက်စ်ဟမ်းအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။