ဗီလာရီးရဲကို အနိုင်ရရှိပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့သည့် မန်ယူ
မန်ယူအသင်းသည် နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၅) အဖြစ် စပိန်ကလပ် ဗီလာရီးရဲအသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိကာ အုပ်စုပွဲစဉ်များ မပြီးဆုံးမီ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။