မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ စပို့တင်းလစ္စဘွန်းအသင်းကို နှစ်ကျော့ပေါင်း ရလဒ် ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့် ရရှိခဲ့ပြီး အခုလို ကွာတားဖိုင်နယ်တက်လှမ်းခွင့်ရရှိခဲ့တာဟာ မန်စီးတီးအသင်းအတွက် ဘောလုံးရာသီ ငါးရာသီဆက်တိုက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။