နေပြည်တော်ကိုယ်စားပြု Golf အသင်း အမျိုးသားအသင်းလိုက် ဒုတိယဆုဖလားနှင့် အမျိုးသမီး အသင်းလိုက် တံခွန်စိုက်ဆုဖလားအပ်နှံ
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်း အမှတ် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကိုယ်စားပြု Golf အသင်း အမျိုးသားအသင်းလိုက် ဒုတိယဆု ဖလားနှင့် အမျိုးသမီးအသင်းလိုက် တံခွန် စိုက် ဆုဖလားအပ်နှံသည့် အခမ်းအနားကို မတ် ၁၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။





