ဗလင်စီယာအသင်းကို အနိုင်ရပြီး ဘာစီလိုနာအသင်း ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်

ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ ပွဲစဉ်(၂၄) အဖြစ် ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ဗလင်စီယာ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ဗလင်စီယာအသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိပြီး စပိန်လာလီဂါ ကိုးပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
 ဟယ်ရီကိန်းရဲ့ နောက်ကျသွင်းဂိုးနဲ့ မန်စီးတီးအသင်းကို စပါးအသင်းအနိုင်ရ

ဖာမီနိုနဲ့ ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့ အင်တာမီလန်ကို လီဗာပူးအနိုင်ရ
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက အင်တာမီလန် အသင်းရဲ့ အိမ်ကွင်းဆန်စီယို၌ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက အင်တာမီလန်အသင်းကို နှစ်ဂိုး ပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
လက်ရှိစပိန်လာလီဂါချန်ပီယံ အက်သလက်တီကိုမက်ဒရစ်အသင်း အမှတ်ပေးဇယားအောက်ဆုံးက လီဗန်တေးအသင်းကို ရှုံးနိမ့်
စပိန်လာလီဂါပွဲစဉ်(၂၄) အဖြစ် ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက် တီကိုမက်ဒရစ်အသင်းနဲ့ လီဗန် တေးအသင်းတို့ပွဲစဉ်မှာ လီဗန်တေးအသင်းဟာ အက်သလက်တီ ကို မက်ဒရစ်အသင်းကို တစ်ဂိုး-ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ယူကရိန်းစူပါစတား လိုမာချန်ကိုနဲ့ ယှဉ်ပြိုင်ထိုးသတ်ရန် သဘောတူညီခဲ့တဲ့ သြစတြေးလျ လက်ဝှေ့ကျော် ဂျော့ကမ်ဘိုဆော့
ဩစတြေးလျပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ဂျော့ကမ်ဘိုဆော့ဟာ ယူကရိန်းစူပါစတား လိုမာချန် ကိုနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံရဲ့ လိုက်ဝိတ်ချန်ပီယံ ဂျော့ကမ်ဘိုဆော့ဟာ လက်ရှိမှာ လိုက်ဝိတ်ပြိုင်ပွဲအဓိကငါးပွဲမှာ လေးပွဲအထိအနိုင်ရပြီး ချန်ပီယံခါးပတ် တွေ ရယူပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
ဗြိတိန်တင်းနစ်ကစားသမားနှစ်ဦးဖြစ်တဲ့ အန်ဒီမာရေးနဲ့ ဒန်အီဗန်တို့ ကာတာအိုးပင်းတင်းနစ်ပြိုင်ပွဲမှ ထွက်ခဲ့ရ
ဗြိတိန်ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမား နှစ်ဦးဖြစ်တဲ့ အန်ဒီမာရေးနဲ့ ဒန်အီဗန်တို့ဟာ ကာတာ အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ၁၆ ဦးအဆင့်မှာ ပြိုင်ဘက်အသီးသီးကို ရှုံးနိမ့်ခဲ့တာကြောင့် ကာတာအိုးပင်း တင်းနစ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။
မန်ယူ၊ လီဗာပူး၊ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့က လိဒ်ယူနိုက်တက်အသင်း ကွင်းလယ်လူ ကယ်ဗင်ဖီလစ်ကို ခေါ်ယူရန် စောင့်ကြည့်နေ
ပရီမီယာလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူအသင်း၊ လီဗာပူးအသင်း၊ ချယ်လ်ဆီးအသင်း၊ အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ လိဒ်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်  ကစားသမား ကယ်ဗင်ဖီးလစ်ကို စာချုပ်ချုပ်ဆိုခေါ်ယူသွားဖို့ စောင့်ကြည့်မှုတွေပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။