ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး စိုင်းဇော်ဇော် Group မှ စီစဉ်သော မြန်မာ-ထိုင်း-ကာ့ဒ်ဒစ္စတန် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ (LETHWEI Fight 3) ကို ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံ (Yangon Thein Phyu Stadium) တွင် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။