ပရီမီယားလိဂ်ပွဲစဉ်(၃၁)တွင် လီဗာပူးတို့ ဖူလ်ဟမ်ကို နိုင်ပြီး အမှတ်ပေးဇယားတွင် ဦးဆောင်နေ
ပရီမီယားလိဂ် ပွဲစဉ် (၃၁)အဖြစ် မတ် ၁၇ ရက်နေ့ညက ဖူလ်ဟမ်နှင့်လီဗာပူး၊ အဲဗာတန်နှင့် ချယ်လ်ဆီးအသင်းတို့ အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြရာ လီဗာပူးအသင်းက အဝေးကွင်းတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယား ထိပ်သို့ ယာယီတက်လှမ်းသွားနိုင်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းသည် အဲဗာတန်အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။