မြန်မာနှင့် တာဂျစ်ကစ္စတန်အသင်းတို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကျင်းပ
နိုဝင်ဘာ ၁၄ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် တာဂျစ်ကစ္စတန်အသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက မန္တလေးမြို့ရှိ Pullman ဟိုတယ်၌ ကျင်းပရာ နှစ်ဖက်အသင်းနည်းပြချုပ်များနှင့် ကစားသမားများ တက်ရောက်ခဲ့သည်။






