လီဗာပူးအသင်း အိမ်ကွင်း၌ မန်စီးတီးအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့
ပရီမီယားလိဂ် ပွဲစဉ်(၁၂)အဖြစ် လီဗာပူးအသင်းနှင့် မန်စီးတီးအသင်းတို့ တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြရာ လီဗာပူးအသင်းက အိမ်ကွင်း အန်ဖီးလ် သုံးဂိုး-တစ်ဂိုးဆိုသည့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ရမှတ် ၃၄ မှတ်ဖြင့် ရပ်တည်နေခဲ့ပြီး မန်စီးတီးအသင်းမှာ အမှတ်ပေးဇယား စတုတ္ထနေရာသို့ ရမှတ် ၂၅ မှတ်ဖြင့် ရောက်ရှိသွားခဲ့သည်။





