စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပထမအကျော့တွင် ဆီဗီလာကို ရှုံးနိမ့်ခဲ့သည့် ဘာစီလိုနာ

စပိန်ဘုရင့်ဖလား  ကွာတားဖိုင်နယ် ပထမအကျော့ပွဲအဖြစ် ဆီဗီလာအသင်းနှင့် ဘာစီလိုနာအသင်းတို့ ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ ဘာစီလိုနာအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားအား တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိ
၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားကို တနင်္သာရီ တိုင်းဒေသကြီးအသင်းမှ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
လက်ရွေးစင်နှင့် ယူ-၁၆ အမျိုးသမီးအသင်း ခြေစမ်းပွဲကစား
၂၀၂၀ တိုကျိုအိုလံပစ် ခြေစစ်ပွဲ ဒုတိယအဆင့်အတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် လေ့ကျင့်နေသည့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းတို့ ယနေ့နံနက်ပိုင်းက သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ လက်ရွေးစင် အမျိုးသမီးအသင်းက ခုနစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
သြစတြေးလျနိုင်ငံတွင် ခြေစမ်းပွဲကစားရန် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း အပြီးသတ်လူရွေးချယ်
၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် သြစတြေးလျနိုင်ငံ၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွက် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီ ဖြစ်သည်။
ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MIC အသင်း ၁၂ ပွဲဆက်အနိုင်ရ
၂၀၁၈-၂၀၁၉ ရာသီ MFF Myanmar ဖူဆယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့ အဖွင့်ပွဲဖြစ်သည့် ပွဲစဉ် (၁၂) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ ထိပ်ဆုံးမှ MIC အသင်း ၁၂ ပွဲဆက်အနိုင်ရခဲ့သည်။ 
အိန္ဒိယဖိတ်ခေါ် အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်
၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာအမျိုးသမီး အသင်းသည် အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
၂၀၁၉ ခုနှစ် နိုင်ငံတကာ တာဝေးအပြေးသမားများ၏ သံတောင်ကြီးဒေသ တောင်တက်ခရီးလမ်း အပြေးပြိုင်ပွဲကျင်းပနိုင်ရေး အလုပ်ရုံဆွေးနွေး

သံတောင်ကြီး ၂၂   ဇန်နဝါရီ