ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ မေ ၁၈ ရက် ညနေပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ် အားကစားနည်း အမျိုးသမီး နှစ်ယောက်တွဲ (သရုပ်ပြ) ပွဲစဉ်တွင် မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင် တို့က မြန်မာ နိုင်ငံအတွက် ဆဋ္ဌမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး အမျိုးသမီး (-၅၅) ကီလိုတန်းတွင် မနှင်းသက်ဝေက ကြေးတံဆိပ်ဆုကို လည်းကောင်း၊ My Dinh National Stadium ပြေးခုန်ပစ် အားကစားနည်း မီတာ ၁၀၀၀၀ အမျိုးသမီးအပြေး ပြိုင်ပွဲတွင် မခင်မာဆယ်က ငွေတံဆိပ်ဆု ကို လည်းကောင်း၊