အိုးထရက်ဖို့ဒ်၌ ပထမရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလိုကြောင်း မန်ယူနည်းပြသစ် တန်ဟတ် ပြောကြား
နယ်သာလန်လူမျိုးနည်းပြ အဲရစ်တန်ဟတ်သည် တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတွင် မန်ယူအသင်း နည်းပြသစ်အဖြစ် မိတ်ဆက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အိုးထရက်ဖို့ဒ်သို့ လာရောက် လည်ပတ်ခဲ့ကြောင်း၊ ထိုသို့လာရောက်လည်ပတ်စဉ်အတွင်း အသင်းပရိသတ်များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းသည် အိုးထရက်ဖို့ဒ်၌ တာဝန်ထမ်းဆောင်သည့် ပထမရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလိုကြောင်း ပြောကြားခဲ့သည်။