ဂျူဗင်တပ်စ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ချယ်ဆီးအသင်း နောက်တစ်ဆင့်တက်

ယူအီးအက်ဖ်အေချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို မတ် ၁၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ လိုင်လီနှင့် ချယ်ဆီးအသင်းတို့ပွဲစဉ်တွင် ချယ်ဆီးက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိပြီး နှစ်ကျော့ပေါင်း ရလဒ် လေးဂိုး- တစ်ဂိုးဖြင့် ချယ်ဆီးအသင်း နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ ဂျူဗင်တပ်စ်နှင့် ဗီလာရီးရဲအသင်းတို့ပွဲစဉ်တွင် ဗီလာရီးရဲက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး နှစ်ကျော့ ပေါင်း ရလဒ် လေးဂိုး-တစ်ဂိုးဖြင့် ဗီလာရီးရဲအသင်း နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။
၂၀၂၂ အာရှ ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကစားသမားနှစ်ဦး ကွာတားဖိုင်နယ်တက်ရောက်

ဂျိုရှူယာအနေနဲ့ အော့တိုဝယ်လင်နဲ့ ယှဉ်ပြိုင်ထိုးသတ်သင့်ဟု ဟဲဗီးဝိတ်လက်ဝှေ့ပြိုင်ပွဲစီစဉ်သူ ပြောကြား

အာရှ စနူကာချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာစနူကာကစားသမား အောင်ဖြိုး ပူးတွဲတတိယဆုရ
၂၀၂၂ အာရှစနူကာ ချန်ပီယံရှစ်ပြိုင်ပွဲကို မတ် ၁၂ ရက်မှ ၁၆ ရက်အထိ ကာတာနိုင်ငံ ဒိုဟာမြို့၌ ပြုလုပ်ရာ မြန်မာစနူကာကစားသမား အောင်ဖြိုး ပူးတွဲတတိယဆု ရရှိခဲ့သည်။
ထိုင်းဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်းအနိုင်ရ
ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲဖြစ်သော NSDF Futsal Invitation Championship 2022 အုပ်စု ဒုတိယနေ့ ကို မတ် ၁၆ ရက်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲရရှိခဲ့သည်။
အက်သလက်တီကိုမက်ဒရစ်အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်ယူအသင်း ထွက်ခဲ့ရ
ပရီမီယာလိဂ်ကလပ် မန်ယူအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
လက်စတာကိုအနိုင်ရပြီး ပရီမီယာလိဂ် အဆင့် ၄ နေရာ တက်လှမ်းခဲ့ပြီးနောက် အာဆင်နယ်အသင်း ချန်ပီယံလိဂ်ကစားရမည်ဟု အာတီတာ ယုံကြည်နေ
အာဆင်နယ်အသင်းဟာ မတ် ၁၃ ရက်ညပိုင်းက လက်စတာစီးတီးအသင်း နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ လက်စတာစီးတီးအသင်းကို အနိုင်ရရှိကာ ပရီမီယာလိဂ်အဆင့် ၄ နေရာ တက်လှမ်းခွင့်ရရှိခဲ့ပြီးနောက် လာမယ့်ဘောလုံးရာသီမှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ် ကစား ရလိမ့်မည်ဟု ယုံကြည်ထားတယ်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြောကြားခဲ့ပါတယ်။