အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှ ပွဲစဉ်သုံးပွဲကို မတ် ၂ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ပီတာဘရော့နှင့် မန်စီးတီးအသင်းတို့ ပွဲစဉ်တွင် မန်စီးတီးအသင်းက နှစ်ဂိုး-ဂိုးမရှိ၊ ပဲလေ့စ်နှင့် စတုတ်အသင်း တို့ပွဲစဉ်တွင် ပဲလေ့စ်က နှစ်ဂိုး-တစ်ဂိုး၊ မစ်ဒယ်ဘရော့နှင့် စပါးအသင်းတို့ ပွဲစဉ်တွင် မစ်ဒယ်ဘရော့အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။