၂၀၂၂ ကမ္ဘာ့စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲ အောင်ဖြိုးနှင့် ဝင်းကို ဝင်ရောက်ယှဉ်ပြိုင်

မြန်မာကစားသမားနှစ်ဦးသည် ကာတာနိုင်ငံ၌ကျင်းပလျက်ရှိသည့် ၂၀၂၂ ကမ္ဘာ့စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ကမ္ဘာ့စနူကာပြိုင်ပွဲကို မတ်  ၁ ရက်မှစ၍ ကျင်းပလျက်ရှိပြီး မြန်မာကစားသမားနှစ်ဦး ယှဉ်ပြိုင်နေသည့် စီနီယာစနူကာ တစ်ဦးချင်းပွဲစဉ်များကို မတ် ၆ ရက်မှစ၍ ပြုလုပ်နေခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များကို လိုက်လံကြည့်ရှု

အာဆီယံအဆင့် လူငယ်ဘောလုံးပြိုင်ပွဲများကျင်းပဖြစ်ပါက မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်
မြန်မာလူငယ်ဘောလုံးအသင်းများသည် ယခုနှစ်အတွင်း အာဆီယံအဆင့်လူငယ်ဘောလုံး ပြိုင်ပွဲများ ပြန်လည်ကျင်းပဖြစ်ပါက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပရီမီယာလိဂ်ပွဲစဉ် (၂၈) ယှဉ်ပြိုင် မာနေး၏သွင်းဂိုးဖြင့် ဝက်စ်ဟမ်းကို လီဗာပူးအနိုင်ရ
လီဗာပူးအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့၏ ပရီမီယာလိဂ်ပွဲစဉ် (၂၈) ကို မတ် ၆ ရက် နံနက် အစောပိုင်းက အန်ဖီးလ်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရာ လီဗာပူးအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ရီးယဲလ်ဆိုစီဒက်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဇယားထိပ်တွင် ရှစ်မှတ်ဖြတ်ကာ ရီးယဲလ်မက်ဒရစ် ဦးဆောင်နိုင်ခဲ့
ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပွဲစဉ် (၂၇)အဖြစ် ရီးယဲလ်ဆိုစီဒက်အသင်းနဲ့ မတ် ၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ ရီးယဲလ်ဆိုစီဒက်အသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါ အမှတ်ပေး ဇယားထိပ်မှာ ရှစ်မှတ်ဖြတ်ပြီး ရီးယဲလ်မက်ဒရစ်အသင်း ဆက်လက် ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။
မန်ယူအသင်းက ခေါ်ယူဖို့ ချိတ်ဆက်မှုပြုလုပ်လျက်ရှိစဉ် စပါးအသင်းသို့ပြန်ရန် ဆန္ဒရှိကြောင်း ပိုချက်တီနို ဖွင့်ဟလာ

တိုကျိုမာရသွန်ဆုဖလားကို ရင်ခုန်မျှော်လင့်ထားကြောင်း ကမ္ဘာ့အမျိုးသား မာရသွန်စံချိန်သစ်ရှင်ပြော