Facebook ငွေကြေး Libra ကို ကမ္ဘာဈေးကွက်နဲ့ မိတ်ဆက်ပေးတော့မည်

ကမ္ဘာ့အင်တာနက်ငွေကြေးအသစ်ဖြစ်တဲ့ လီဘရာ (Libra) ကို Facebook ကနေ စီစဉ်ထားကြောင်း အင်္ဂါနေ့က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ မိုဘိုင်းဖုန်းပေါ်ကနေ တည်ငြိမ်မှုရှိတဲ့ အင်တာနက်ငွေကြေးကို ဖြန့်ဝေသွားဖို့ရှိကြောင်း၊ ဘဏ်အကောင့်မရှိတဲ့ လူဦးရေ တစ်ဘီလီယံလောက်ကို ဘဏ္ဍာရေးစနစ်ထဲ Libra က ဆွဲခေါ်နိုင်မယ်လို့ သိရပါတယ်။ 
ဟွာဝေးဖုန်းများ ရောင်းအားကျဆင်း၊ ထုတ်လုပ်မှုလျှော့ချရန်ပြင်ဆင်

အရက်သေစာသောက်သုံးပြီး ဒရုန်းသုံးပါက ထောင်ဒဏ် ၁ နှစ်အထိကျခံနိုင်
ဂျပန်နိုင်ငံမှာ အရက်သေစာသောက်သုံးပြီး ဒရုန်းစက်ပစ္စည်း သုံးပါက ထောင်ဒဏ် ၁ နှစ်အထိကျခံနိုင်တဲ့ ဥပဒေသစ်ကို ဒီကနေ့ ပြဌာန်းလိုက်ကြောင်း သိရပါတယ်။ အခုနှစ်ပိုင်းအတွင်း ဒရုန်းစက်ပစ္စည်းဟာ ဂျပန်နိုင်ငံမှာ ခေတ်စားနေတဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ 
ဟွာဝေးဖုန်းတွေမှာ Facebook App သုံးခွင့်ရှိတော့မည် မဟုတ်
တရုတ်နိုင်ငံထုတ် ဟွာဝေးဖုန်းတွေမှာ Facebook App သုံးခွင့်ရှိတော့မည် မဟုတ်ကြောင်း၊ ဟွာဝေးဖုန်းနဲ့ Facebook လက်ရှိသုံးနေသူများမှာ ဆက်လက်ပြီး သုံးစွဲနိုင်မှာဖြစ်သလို နောက်ဆုံးနည်းပညာ အချက်အလက် တွေ ရရှိနေမှာဖြစ်ပေမယ့် ဟွာဝေးဖုန်းအသစ်မှာတော့ Facebook ၊ WhatsApp နဲ့ Instagram app တွေကို သုံးစွဲခွင့် မရှိတော့ဘူးလို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။ 
တိုင်းဒေသေကြီးနှင့် ပြည်နယ် (၁၄) ခုမှ တက္ကသိုလ်ကျောင်းသားများ ဖုန်းဖြင့် ဒစ်ဂျစ်တယ်နည်းပညာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မည့် လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေး
တက္ကသိုလ်အသီးသီးမှ မြန်မာလူငယ်များအား  ဒစ်ဂျစ်တယ်နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချတတ်နိုင်စေရန် Our Campus Chapter Director’s Summit 2019 အခမဲ့သင်တန်းကို ............
မြေပြင်မှာရပ်နားထားတဲ့ ဘိုးရင်း 737 MAX အမျိုးအစားလေယာဉ်တွေ လုပ်ငန်းခွင်ပြန်ဝင်ရမယ့်ရက် ကျော်လွန်
ဘိုးရင်း 737 MAX အမျိုးအစားလေယာဉ် နှစ်စင်းပျက်ကျရာ  လေယာဉ်ပေါ်ပါရှိသူ အားလုံး သေဆုံးတဲ့ အပြီးမှာ လေယာဉ်တွေ မြေပြင်မှာ ရပ်နားထားခဲ့ပါတယ်။ ရပ်နားထားတဲ့ လေယာဉ်တွေကို လုပ်ငန်းခွင်ပြန်ဝင်ရန် မေ ၂၃ ရက်က သတ်မှတ်ခဲ့ပေမယ့် ဘိုးရင်းဘက်က ဝေဟင်ကို သွားနိုင်ပြီဆိုတဲ့ အသိအမှတ်ပြုစာရွက်စာတမ်း မပေးသေးကြောင်း သိရပါတယ်။ 
ဟွာဝေးနဲ့ အဆက်အသွယ်ဖြတ်တောက်လိုက်သည့် ဂျပန် ကုမ္ပဏီ Panasonic
အမေရိကန် အစိုးရက တရုတ် တယ်လီကွန်း ကုမ္ပဏီ ဟွာဝေးကို လုံခြုံရေးအကြောင်းပြချက်ဖြင့်  ပိတ်ပင်မှုများ ပြုလုပ်လိုက်ပြီးနောက်ပိုင်းမှာ နည်းပညာကုမ္ပဏီများဟာ ဟွာဝေးနှင့် အဆက်အသွယ် ဖြတ်တောက်လာကြရာ ယနေ့မှာလည်း ဂျပန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Panasonic ကလည်း ဟွာဝေးအပေါ် အချို့အစိတ်အပိုင်းများ ထောက်ပံ့မှုကို ရပ်တန့်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဂျပန်နဲ့ ဗြိတိန် မိုဘိုင်းကုမ္ပဏီကြီး လေးခုက ဟွာဝေးရဲ့ ထုတ်ကုန်အသစ်များ ဖြန့်ဖြူးမှုကို ရပ်တန့်မည်ဖြစ်ကြောင်း ကြေညာပြီးနောက်မှာ Panasonic ကုမ္ပဏီကလည်း ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။