Galaxy ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တောင်ကိုရီးယားနိုင်ငံထုတ် ဆမ်ဆောင်း စမတ်ဖုန်းအသစ်ကို မနေ့က စတင်မိတ်ဆက်လိုက်ပါတယ်။ အသစ်ထုတ်လုပ်တဲ့ ခေါက်ထားနိုင်တဲ့ စမတ်ဖုန်းဟာ ဖြန့်လိုက်လျှင် တပ်ပလတ် (tablet) တစ်ခုလို ဖြစ်သွားပြီး 5G နက်ဝပ်ကို အသုံးပြုထားတာကိုလည်း တွေ့ရပါတယ်။ ဒီမိတ်ဆက်ပွဲကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာ ပြုခဲ့တာဖြစ်ပါတယ်။