COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁) ဦး သေဆုံးမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၁-၃-၂၀၂၀) ရက်နေ့

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ်အရွယ် အမျိုးသား (၁) ဦးသည် ၎င်းတွင် နှာခေါင်းကင်ဆာရောဂါရှိကြောင်းကို .............
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အပေါ့အလေး အရေးအခင်းဆိုတာ အပြင်သွားတဲ့အချိန်မှာ မကြုံတွေ့နိုင်ဘူးလို့ ဘယ်သူမှ အတိအကျပြောလို့မရပါဘူး။ ဒီလိုအချိန်မျိုးဆိုရင် စူပါမားကတ် တစ်ခုခုထဲ အမြန်ဝင်ပြီး အများသုံးသန့်စင်ခန်းတွေ ရှာရတော့တာပဲမလား။ ဒါကတော့ သိပ်ပြဿနာမရှိပါဘူး။ ပြဿနာက လက်ဆေးပြီးနောက်ပိုင်းမှ စတာပါ။ တချို့အိမ်သာတွေမှာ တစ်သျှူးထားပေးထားတယ်၊ တချို့မှာက လက်အခြောက်ခံဖို့ အပူပေးစက်တွေ ထားပေးထားတယ်၊ ဒါမှမဟုတ်လည်း ၂ မျိုးလုံးပေါ့။ လေ့လာချက်တွေအရ ဒီလက်အခြောက်ခံစက်တွေဟာ ဘက်တီးရီးယား ပိုးပေါင်း မြောက်များစွာကို စိုနေတဲ့လက်ပေါ် ပြန်ကပ်သွားစေပြီး လူကိုဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ တွေ့ရပါတယ်။
ခဏခဏ လက်ဆေးနေရလို့ အရေပြားပျက်စီးမှာ စိတ်ပူနေပြီလား
အခုဆိုရင် ကိုရိုနာ အဆုတ်ရောင်ရောဂါကြောင့် မြန်မာနိုင်ငံသားတွေ အပါအဝင် တစ်ကမ္ဘာလုံးက လူတွေ အကုန်လုံး လက်ကို အချိန်ပြည့် ဆေးနေရပြီနော်။ အဓိက လက်မှာ ရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်ပြီး အဲ့လက်ကနေ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို ပွတ်သပ်ကိုင်တွယ်လိုက်ရာကနေ ကူးစက်နိုင်တာကြောင့်ပါပဲ။ ဒီအတွက်ကြောင့် ကိုရိုနာ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးဖို့ အထိရောက်ဆုံး နည်းလမ်းအနေနဲ့ လက်ကို ရေ၊ ဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောဖို့ တိုက်တွန်းရတာပါပဲ။
ဒီးမော့ဆိုမြို့နယ်  မြို့နယ်အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး နေ့စဉ် စစ်ဆေးဆောင်ရွက်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့များက နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီမှ COVID-19 ရောဂါ ကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
ချင်းပြည်နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီ၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့်မြို့နယ်စည်ပင်သာယာရေး ကော်မတီ တို့ ပူးပေါင်း၍  ဟားခါးမြို့အတွင်း COVID-19 ရောဂါ ကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ မတ်လ ၃၀ ရက် နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ အဝေးပြေးကားဂိတ်နေရာတွင်  ကားဝင်းအတွင်း ခရီးသည်တင် မော်တော်ယာဉ်များ၊ ဂိတ်မှူးရုံးခန်း များ၊ ပစ္စည်းထားရှိရာနေရာများနှင့် ခရီးသည်ထိုင်နေရာများအားလုံးကို ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း၊ Mask များ ဝေမျှခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ COVID-19 ကြိုတင် ကာကွယ်ရေးအတွက် နံနက် ၈ နာရီက မြို့တွင်းအလှူရှင်နှင့် နိုင်ငံခြားရောက် အလှူရှင်များ လှူဒါန်းသော Mask များ ကို မြို့လယ်မီးပွိုင့်တွင် အဖြူရောင်လက်များပရဟိတအသင်း၊ Forever Friend ပရဟိတ အသင်းနှင့် ပြန်/ဆက် ဝန်ထမ်းများ ပူးပေါင်း၍ ဖြန့်ဝေခဲ့ကြပြီး အေးမြသီတာဈေး တွင်လည်း  ဈေးဝယ်သူနှင့် ဈေးရောင်းသူများအကြား ကာကွယ်နိုင်စေရန်အတွက် Mask များဖြန့်ဝေခြင်း၊ လက်သန့်ဆေး ရည်များဖြင့် လက်သန့်ဆေးစေခြင်းများ ပြုလုပ်ခဲ့ကြသည်။
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၃၀ဝ၀ဝ ကျော်ရှိလာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

၃၀ မတ်